Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-19 16:47:21

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည့် ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဦးဆောင်အဖွဲ့အစည်း အနေနှင့် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များအနက် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ဝန်ကြီးဌာနများမှ ထုတ်ပြန်သော ကုန်သွယ်မှုဆိုင်ရာ အမိန့်ကြော်ငြာချက်များ အား UMFCCI သို့ အချိန်နှင့်တပြေးညီ တရားဝင်ပေးပို့ပေးနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ သတင်းများတွင် ထည့်သွင်းဖော်ပြသော အချက်အလက် (Data) များသည် မှန်ကန်တိကျမှုရှိစေရန်၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲအခြေအနေများကို သိရှိနိုင်ရန်အတွက် PoA တွင် သီးခြား Status Column တစ်ခုထည့်သွင်း ဖော်ပြရန်၊ ကဏ္ဍ၏ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းဆောင်ရွက်လိုသည်များရှိပါက ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ဌာနဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ကဏ္ဍကော်မတီသီးခြားအစည်းအဝေး ထပ်မံခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကို (၁၆:၄၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025